ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

00:00
00:00

Episode's summary

ဦးမင်းအောင်လှိုင်ကို ထိပ်သီးဆွေးနွေးပွဲတွေကနေ ဆက်ပြီးဖယ်ထားဖို့ အာဆီယံဆုံးဖြတ် ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဥ် (တနင်္ဂနွေည ၁၅၊၁၁၊၂၀၁၆) - တူညီဆန္ဒ ၅ ချက်ကို အဓိပ္ပာယ် ပြည့်ဝအောင် အကောင်အထည် မဖော်နိုင်သရွေ့တော့ မြန်မာကို အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေမှာ နိုင်ငံရေး အရ ကိုယ်စားပြုခွင့် ပေးမှာ မဟုတ်သေးဘူးလို့ အာဆီယံ ခေါင်းဆောင်တွေ ဆုံးဖြတ် - စကိုင်းဗီလာ မြေနေရာကို လေလံတင်ရောင်းပြီး၊ ကုမ္ပဏီနဲ့ အခန်းပိုင်ရှင်တွေ ခွဲဝေယူကြဖို့ မန္တလေးမှာ ဒီကနေ့ လက်မှတ်ထိုး - ဘင်္ဂလားဒေ့ရှ်မှာ အထည်ချုပ်လုပ်သားတွေ လုပ်ခလစာ တိုးရနိုင်ရေး သီတင်းပတ်ပေါင်းများစွာ ဆန္ဒပြနေလို့ စက်ရုံအများအပြား ပိတ်ထားရ - စစ်ရပ်ရေး သဘောတူမှု ထွက်မလာနိုင် ဖြစ်နေချိန်မှာပဲ၊ အီရန်က အမေရိကန် အမှတ် ၅ ရေတပ်အုပ်စု ပင်လယ်ကွေ့ဒေသထဲ အခြေစိုက်ရာ ဘာရိန်းကို လေကြောင်းကနေ တိုက်ခိုက်တာတွေ ထပ်လုပ်ဆောင် .... လန်ဒန်မြို့တော် ဘီဘီစီရုံးချုပ် စတူဒီယိုထဲကနေ ဘီဘီစီမြန်မာပိုင်းရဲ့ မြန်မာစံတော်ချိန် ည ၈နာရီ ရေဒီယို တိုက်ရိုက် ထုတ်လွှင့်မှုတွေကို၊ ညစဥ် ရုပ်သံ အနေနဲ့လည်း ဖေ့စ်ဘုတ်နဲ့ ယူကျုတို့ကနေ တပြိုင်တည်း တင်ဆက် ပေးနေပြီ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို ည ၈ နာရီကနေ…

Episodes

4043-

ဦးမင်းအောင်လှိုင်ကို ထိပ်သီးဆွေးနွေးပွဲတွေကနေ ဆက်ပြီးဖယ်ထားဖို့ အာဆီယံဆုံးဖြတ်

15 Nov 2026
4042-

ရခိုင်လက်ကျန် ၃ မြို့ကို သိမ်းမယ်လို့ အာရက္ခတပ်တော် ကြုံးဝါး

ရခိုင်ထဲက လက်ကျန် ၃ မြို့ကိုပါ သိမ်းမယ်လို့ အာရက္ခတပ်တော် ကြုံးဝါး (ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဥ် - စနေည ၁၄၊၁၁၊၂၀၁၆) - ရခိုင်ထဲက လက်ကျန် ၃ မြို့ကိုပါ သိမ်း ပြီး ရခိုင်ပြည်သူတွေကို လက်ဆောင်ပေးမယ်လို့ အာရက္ခတပ်တော် ကြုံးဝါး - နေပြည်တော် အသွင်ပြောင်း အစိုးရရဲ့ သမ္မတ ဦးမင်းအောင်လှိုင်ကို ချန်ထားမြဲ ဖြစ်တဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ မနက်ဖြန် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်မှာ မနက်ဖြန် စပြီ - အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ ဆက်စပ် အစည်းအဝေးတွေကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်လည်း လာတက်မယ် - သမ္မတထရမ့် မနီလာကနေ တရုတ်တောင်ပိုင်း ကွမ်းတုံရဲ့ အဓိက မြို့ကြီး ရှန်ကျန်းကို ခရီးဆက်ပြီး အေပက် ထိပ်သီး အစည်းအဝေးကို သွားတက်မယ် - အဲဒီမှာ အမေရိကန်-ရုရှား-တရုတ် ၃ နိုင်ငံ မကြုံစဖူး ထိပ်သီးတွေ့ဆုံမှု တပါတည်း ပြုလုပ်မယ်လို့ အိမ်ဖြူတော်ပြောပေမယ့်၊ တရုတ်နဲ့ ရုရှားတို့ဘက်ကတော့ နှုတ်ဆိတ်နေဆဲဖြစ် လန်ဒန်မြို့တော် ဘီဘီစီရုံးချုပ် စတူဒီယိုထဲကနေ ဘီဘီစီမြန်မာပိုင်းရဲ့ မြန်မာစံတော်ချိန် ည ၈နာရီ ရေဒီယို တိုက်ရိုက် ထုတ်လွှင့်မှုတွေကို၊ ညစဥ် ရုပ်သံ အနေနဲ့လည်း ဖေ့စ်ဘုတ်နဲ့ ယူကျုတို့ကနေ တပြိုင်တည်း တင်ဆက် ပေးနေပြီ ဖြစ်ပါတယ်။ ဘီဘီစီရဲ့…

14 Nov 2026
4041-

မိုက်ခရိုဆော့ဖ် အင်တာနက် ပြတ်တောက်သွားမှုတွေကြောင့် ကမ္ဘာတဝန်း ထိခိုက်မှုတွေ ဖြစ်ခဲ့

- ကမ္ဘာတဝန်း ထိခိုက် ပြတ်တောက်မှုတွေ ဖြစ်ခဲ့တဲ့ မိုက်ခရိုဆော့ဖ် အင်တာနက်ဝန်ဆောင်မှု နောက်ဆုံးအခြေအနေ - တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ရာ ဒေသတွေမှာ နယ်စပ် ကုန်သွယ်ရေးဂိတ်တွေ ပြန်ပွင့် - ရန်ကုန်က အိမ်ခြံမြေ ဝယ်သူ၊ ရောင်းသူနဲ့ အကျိုးဆောင်တွေကို (စသုံးလုံး) က နေပြည်တော်အထိ ခေါ်ယူ စစ်ဆေးမှုတွေ လုပ်နေ - ဆေးကုသခွင့် လိုင်စင်မရှိဘဲ တိုင်းရင်းဆေး ကုနေကြတဲ့ ရွှေလက် ဒေါ်ခင်စန်းရီနဲ့ သရုပ်ဆောင် ထူးခန့်ကျော်တို့ကို ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခုက ဒေါက်တာဘွဲ့ ပေးခဲ့တဲ့အတွက် ဝေဖန်မှုတွေပေါ်ထွက် - ဘာရိန်းမှာရှိတဲ့ အမေရိကန် ကြိုတင်သတိပေး ရေဒါအချက်ပြ စနစ်တစ်ခုကို ဖျက်ဆီးလိုက်နိုင်ခဲ့တယ်လို့ အီရန်ပြော - အီရန်ရဲ့ ယူရေနီယမ် သန့်စင်ရေးစက်ရုံတစ်ခုနဲ့ ပတ်သက်လို့ IAEA က စိုးရိမ်မှုတွေ တိုးပွားလာနေ - မော်စကိုမှာ ကားဗုံးခွဲတိုက်ခိုက်မှုအတွင်း ရုရှားမှာ ခိုလှုံနေပြီး သမ္မတပူတင်ကို ထောက်ခံသူ ယူကရိန်းလူမျိုးတစ်ဦး ဒဏ်ရာရခဲ့

13 Nov 2026
4040-

ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ ဒုတိယ ဝန်ကြီးချုပ် ဆီဟာဆက်ရဲ့ နေပြည်တော် ခရီးစဉ်

- ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ ဒုတိယ ဝန်ကြီးချုပ် ဆီဟာဆက်ရဲ့ နေပြည်တော် ခရီးစဉ် - ၂၀၂၆-၂၇ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ကျပ်ငွေ ဘီလီယံ ရှစ်ထောင်နီးပါး ခွင့်ပြုထားပေမဲ့ ဘီလျံ ၂၅၀၀ ကျော် ဖြည့်စွက်တောင်းခံခဲ့ - ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ CNG သဘာဝဓါတ်ငွေ့သုံး အငှားယာဉ်တွေ ရန်ကုန်တိုင်း စီတီးတက္ကစီအသင်း YCTA မှာ အသင်းဝင် မှတ်ပုံတင်ကြဖို့ ညွှန်ကြားချက်ထုတ် - အမေရိကန် အထူးကိုယ်စားလှယ် ဂျဲရက် ကုရှ်နာနဲ့ စတိဗ် ဝစ်ကော့ဖ် တို့ သမ္မတ ပူတင်နဲ့ တွေ့ဆုံနေ - N vidia ကုမ္ပဏီအကြီးအကဲရဲ့ အရှုပ်တော်ပုံဇာတ်လမ်း နောက်ဆက်တွဲ တရုတ်ရဲ့ တုန့်ပြန်မှု - စပိန်နိုင်ငံမှာ အိမ်ရာအကျပ်အတည်း ပြဿနာကို ကိုင်တွယ်ဖြေရှင်းရေး စီမံချက် အတော်များများကို စပိန် ပါလီမန် အမြဲတမ်း ကော်မတီ အတည်ပြု

12 Nov 2026
4039-

NLD သမ္မတဦးဝင်းမြင့် တကယ်မလွတ်မြောက်သေးဘူးဆိုပြီး ဗီဒီယိုလွှင့်ခဲ့တဲ့ ဂျာမနီသံရုံးယာယီတာဝန်ခံကို မြန်မာအစိုးရ ဆင့်ခေါ် သတိပေး

- စပိန်မှာ ၁၄ နှစ်အတွင်း ပထမဆုံး အထွေထွေ သပိတ်ကြီး ဆင်နွှဲ၊ နိုင်ငံတဝန်း လှုပ်ရှားလည်ပတ်မှုတွေ ထိခိုက်သွား - NLD သမ္မတ ဦးဝင်းမြင့် အမှန်တကယ် မလွတ်မြောက်သေးဘူး ဆိုပြီး ဗီဒီယို ထုတ်လွှင့်ခဲ့တဲ့ ဂျာမနီသံရုံး ယာယီတာဝန်ခံကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ် သတိပေး - ရှမ်းပြည်တောင်ပိုင်းမှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှုတွေ ဖြစ်နေ - မြန်မာနိုင်ငံမှာ ပလတ်စတစ် လျှော့ချနိုင်ရေး အခြေအနေ - မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ ဆန်းစစ်လေ့လာဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်မယ် - ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ယူကရိန်း၊ ရုရှားနဲ့ အမေရိကန် အကြား ၂ ရက်ကြာ ဆွေးနွေးပွဲ ပြီးဆုံး

11 Nov 2026